ဂုံညင်းတန်းမြစ်ကို အမှီပြုနေသော မြင်းကကုန်း ကျေးရွာ ကူးတို့ဆိပ်လေး၏ တဖက်ကမ်းသို့ ကူးရန် ဆရာ၊ ဆရာမ တစ်စု စောင့်ဆိုင်းရင်း သင်တန်းအတွေ့အကြုံများ တစ်ဦးနှင့်တစ်ဦး ပြောဆိုရှင်းပြနေကြသည့် မြင်ကွင်းက ရွာကလေး၏ နေ့စဉ် အလှကျက်သရေ ဖြစ်သည်။
ဘိုကလေးမြို့သို့ သင်တန်းသွားတက်ကြရန် အတွက် မြင်းကကုန်း ရွာနီးချုပ်စပ်မှ ပညာရေးဝန်ထမ်း ၅၀ ကျော်ခန့်သည် ယခုရက်ပိုင်းအတွင်း နေ့စဉ် ကူးသန်းသွားလာ နေကြသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။
ပညာရေးဝန်ထမ်းများ၏ အတွေ့အကြုံဖလှယ်သံများ အကြား ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများ အပေါ် ညည်းတွားသံများလည်း ပြန့်လွင့်ထွက်လာသည်ကို ကြားနေရသည်။
“သင်တန်း ၁၄ ရက်မှာ ဆိုင်ကယ်ကူးဖို့ ကူးတို့ခ အသွား ၁၀၀၀ ကျပ်၊ အပြန် ၁၀၀၀ ကျပ်နဲ့ ၂၀၀၀ ပေးရတယ်။ ၀န်တမ်းတွေမို့ လျှော့ယူတာပါတဲ့၊ တခြားဝန်ထမ်း မဟုတ်တဲ့ သူတွေကတော့ အသွားအပြန် ၃၀၀၀ ကျပ် ပေးနေရတယ်” ဟု မြင်းကကုန်းကျေးရွာမှ ဆရာမ ဒေါ်လှလှဆွေက ပြောသည်။
ကူးတို့ခ အမှန်မှာ ဆိုင်ကယ်တစ်စီး ကျပ် ၃၀၀၊ လူတစ်ဦး ၂၀၀ သာ ဖြစ်သောကြောင့် နေ့စဉ် လူတစ်ဦးလျှင် အသွားအပြန် ၁၀၀၀ ကျပ်သာ ကျသင့်ရမည် ဖြစ်သည်။ နှုန်းထားအမှန် မဟုတ်သော ကူးတို့ခ ၁၅၀၀ ဟူသည့် ဈေးနှုန်းကို အုတ်နံရံပေါ်တွင် စာလုံးအကြီးနှင့်ပင် ရေးထားလိုက်သေးသည်။
“ကူးတို့ကူးခ အမှန်အတိုင်း ဖြစ်စေချင်ပါတယ်။ သတ်မှတ်ထားတဲ့ ကူးတို့ကူးခ နှုန်းက တမျိုးလို့ သိရတယ်။ ဒီအတိုင်းပဲ ဖြစ်မယ်ဆိုရင်တော့ ကျမတို့သက်သာတာပေါ့။ လေလံဆွဲထားတဲ့သူက ကိုယ်တိုင် ကူးတို့ စက်လှေမဆွဲဘဲ၊ တဆင့်ခံတွေလုပ်တော့ အဆင့်ဆင့်နဲ့ ဈေးတွေတက်နေတယ်” ဟု အလယ်တန်းပြဆရာမ ဒေါ်လှလှဆွေက ပြောသည်။
ဆရာဆရာမများ၏ သင်တန်း ၁၄ ရက်အတွက် တစ်ဦးချင်းစီ ပိုပေးလိုက်ရသည့် ကူးတို့ခမှာ ၁၄၀၀၀ စီ ဖြစ်သည်။
မြင်းကကုန်းကျေးရွာမှ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ အစရှိသည့် အခြားမြို့အားလုံးသို့ ကုန်းလမ်းကနေ သွားနိုင်ဖို့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် ဂုံညင်းတန်းမြစ်ကူး ကူးတို့ လုပ်ငန်းမှာ ကြီးမားသော စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သည်။
တစ်နေ့လျှင် ဆိုင်ကယ်အစီး နှစ်ဆယ်မှ သုံးလေးဆယ် ကူးနေကြပြီး တဖက်ကမ်းမှ တဖက်ကမ်းကူးသူ ရာဂဏန်းကျော်ကူးနေသော ကူးတို့ဆိပ်ကြီးဖြစ်သည်။ ကူးတို့ လိုင်စင်ကို လေလံအပြိုင် သိန်း ၄၀ ပေးဆွဲယူခဲ့သူမှာ ဦးအုန်းမြင့်ဆိုသူ ဖြစ်သည်။ ၎င်းသည် ကူးတို့ကူးခြင်းအပြင် ဆိပ်ကောက်ခ များလည်း ကောက်ခံခွင့် ရှိနေပါသည်။
လေလံဆွဲထားသူ ကိုအုန်းမြင့်မှပြောသည်မှာ
“’’စည်ပင်ကညွှန်ကြားပါတယ်လူတယောက်ကိုနှစ်ရာကျပ်ထက်ပိုမကောက်ရဘူးတို့အသက်ကယ်ဘော
ထားရမယ် ရေယာဉ်ကိုစက်ကောင်းအောင်ထားရမယ် လူသုံ့းယောက်ထက်ပိုမတင်ရဘူး ပြောပါတယ် ကျွန်တော်သိန်းလေးဆယ်နဲ့လေလံဆွဲတာပါ ကျွန်တော်အဆင်ပြေအောင်လုပ်ပေးရမှာပေါ့ ဆရာ ဆရာမတွေနစ်နာတယ် တိုင်တယ်ဆိုရင်ကျွန်တော် အဆင်ပြေအောင်လုပ်ပေးမယ်လေ စက်လှေ(ဂေါ်) ခုနှစ်စီး အသွားအပြန် ၃၀၀၀ ယူတာတော့များပါတယ် ကျွန်တော်သုတို့ခုနှစ်စီးကိုစည်းမျဉ်းစည်းကမ်းလုပ်မယ် ဘယ်လိုပြောမလဲအစဉ်ပြေတဲ့ထိအောင်ကျွန်တော်လုပ်ပေးမယ်လေ ၃၀၀၀ကောက်တာကိုကျွန်တော်မသိကိုမသိတာပါ ဘယ်လိုပဲံသိလဲဆိုတော့ ဆိုင်ကယ်တစီးနဲ့လူတယောက်ကို၁၅၀၀တောင်းမယ်ဆိုတာပဲ သိပါတယ် ကျန်တာကျွန်တော်ဘာမှမသိပါဘူး
ဒီနှစ် လေလံနှစ်လဲကုန်တော့မယ် နောင်နှစ် လုပ်ဖြစ်ခဲ့လို့ရှီရင်ကျွန်တော်က ကူးတို့ရုံဆောက်ပြီး လက်မှတ်နဲ့
ဘာနဲ့လုပ်မယ် တစီးမှအပြေးမခံပဲ နှစ်စီးလောက့်ဲထားတော့မှာဆရာ ဆရာမတွေကိုကျွန်တော်ပြန် သွားတာနဲ့ ညီုနိုင်းပြီးတော့အစဉ်ပြေအောင်တစ်စီးလုံး တစ်ထာင်ပဲပေး တယောက်နှစ်ရာနူံးလောက်ပဲယူမှာပါ လို့
ပြောပါတယ်။
မြင်းကကုန်းကျေးရွာနေသူ မသီတာခိုင်မှလည်း
ကျမတို့ ကူးတို့ကူးတိုင်း တခါမှ ၂၀၀ နဲ့မကူးဘူးပါ ဘူး တယောက် ၅၀၀ နှစ်ယောက်တစ်ထောင်ပါ
ဘယ်တုန်းကမှ ၂၀၀ နဲ့မကူးရတာအမှန်ပါ လို့ ပေါ်ပေါ်ထင်ထင်ပြောပါတယ်။
လူ၊ ဆိုင်ကယ် ကူးသူများ အား ကူးတို့ကူးစက်လှေ နှစ်ဆယ့်ငါးစီးနှင့် အထက် ကူးပေးလျှက်ရှိကြောင်း ကူးတို့ကူးသူများမှသိရပါသည်။မြင်းကကုန်း ကျေးရွာအုပ်စုနှင့် ကျောထောက် နောက်ခံ ကျေးရွာများမှ ပြည်သူလူထု၊ တောင်သူလယ်သမား၊ ဆင်းရဲနွမ်းပါးသူများအတွက် ဘိုကလေးမြို့သို့ ကုန်းလမ်းထွက်ပေါက် မြစ်ကူး ကူးတို့အား ဘိုကလေးမြို့နယ် စည်ပင်သာရေးဦးစီးဌာနက နှစ်စဉ်လေလံစနစ်ဖြင့် ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း လေလံဆွဲသူများထံမှ သိရသည်။ စက်လှေထောင် ကူးတို့ကူးပို့နေသူများမှာလည်း စီးပွားရေး တွက်ခြေကိုက်သည့်အတွက် စက်လှေ အစီးရေ များနေရခြင်း ဖြစ်ကြောင်း ၎င်းတို့က ထင်မြင်ချက်ပေးသည်။
ဆိုင်ကယ်ကူးနိုင်သည့် စက်လှေထောင်ထားသူ လက်ရှိတွင် ခုနစ်ဦး၊ ခုနစ်စီးရှိနေပြီး ၎င်းတို့မှာ လေလံ ဆွဲထားသူ ဦးအုန်းမြင့်ကို အခကြေးငွေပေး ပြီး ကူးနေရသည့်အတွက် ယခုကဲ့သို့ ငွေပို ကောက်ခံနေရခြင်း ဖြစ်ကြောင်းကူးတို့စက်လှေလိုင်စင်တဆင့်ခံပြေးဆွဲနေသူတဦးကပြောပြသည်။အခြားစက်လှေတွေကိုအုန်းမြင့်
ကိုဘယ်လောက်ပေးရသလဲတော့ မသိဘူး၊ ကျွန်တော်ကတော့ တစ်နှစ်ကို တစ်သိန်းပေးပြီး ကူးတို့ ကူးနေတာပါ ဟု လည်းကောင်းက ပြောသည်။
သို့ရာတွင် လေလံအောင်ထားသူကို ဆိုင်ကယ်တင်သည့် စက်လှေတစ်စီးလျှင် ကျပ် ၅ သိန်းခန့် ပေးပြီး ဆွဲနေခြင်း ဖြစ်ကြောင်း ယခင် လေလံဟောင်း အောင်ခဲ့ဖူးသူများ ထံမှ သိရသည်။
ကူးတို့စက်လှေခ မှန်မှန်ကန်ကန်ယူပြီး မကူးသည့်အတွက် ၁၄၊ ၈၊ ၂၀၁၈ ရက်နေ့က မြို့နယ်စည်ပင် သာယာရေး ဒုဦးစီးမှူးထံ မြင်းကကုန်းကျေးရွာသား ကိုကျော်ဆန်းက တိုင်စာပို့ တိုင်ကြားခဲ့သည်။
ယမန်နှစ် သင်္ကြန်ရက်အတွင်း မြင်းကကုန်း ကူးတို့ဆိပ်ကူး စက်လှေနစ်မြုပ်၍ ခူလံကျေးရွာနေ ဒေါ်အေးဝင်း ၏သမီး မနီနီ (ခ) တုန်တုန်၊ အသက် (၁၇) နှစ် ရေနှစ်သေဆုံးမူ ဖြစ်ပွားခဲ့ရသည်။
သေဆုံးသွားသည့် လူတဦးအတွက် ဘယ်လိုဘယ်ပုံ ကာကွယ် စောင့်ရှောက်ဖို့ မည်သူ့ထံတွင် တာဝန်ရှိကြောင်း သိလိုပါသည်၊ မည်သို့ ဆောင်ရွက်ပေးမည်ကိုလည်း သိလိုပါသည်ဟု
ကိုကျော်ဆန်း က ပြောပြသည်။