မြန်မာဂျာနယ်လစ်ကွန်ရက်(ဧရာဝတီတိုင်းဒေသကြီး)အဖွဲ့၏ အခြေခံသတင်းစာသင်တန်း အမှတ်စဉ် (၄) ဖွင့်လှစ်သင်ကြား

        ပန်းချီကားတချပ်ပေါ်မှာအဖြူတွေများလာရင် အမဲတွေကနည်းသွားမှာပါ 

      လူငယ်သတင်းစာဆရာများ   ပေါ်ပေါက်လာ ရေးအတွက်   အခြေခံစာပညာသင်တန်း အမှတ်စဉ်(၄)ကို  

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရေ၀တီခန်းမဆောင်တွင် ၅ ရက်တာဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း   MJI

ဧရာဝတီတိုင်းဒေသကြီး  ဂျာနယ်လစ်ကွန်ရက် အဖွဲ့မှ  သိရသည်။

အဆိုပါသင်တန်းကို  မြန်မာနိုင်ဂျာနယ်လစ်ကွန်ရက် MJI  နှင့် ဧရာဝတီတိုင်းဒေသကြီး ဂျာနယ်လစ်ကွန်ရက်

တို့မှပူးပေါင်း၍ မေလ ၃၁ ရက်မှ ဇွန်လ  ၅ရက်နေ့အထိ သင်ကြားမှာဖြစ်ပါသည်။

       သင်တန်းနည်းပြဆရာ ဧရာဝတီသတင်းဌာနအကြီးတန်းသတင်းထောက် ဆရာဆလိုင်းသန့်ဇင်မှ

                     “””ဇန္န၀ါရီ လ ၂၀၁၇ အမှတ်စဉ် ၁ ကို  ပုသိမ်မှာ စလုပ်တယ်  ၂၀၁၇  မေလမှာ အမှတ်စဉ်  ၂ ကို ငွေဆောင်မှာ လုပ်တယ်         ၂၀၁၈  ဇွန်မှာအပါတ်စဉ် ၃ ကို  မအူပင်မှာထပ်လုပ်တယ်  အခုအပါတ်စဉ် ၄ ကို ၂၀၁၉  မေလ နဲ့ ဇွန်လ မအူပင် ရေ၀တီ ခန်းမမှာပဲပေါ့နော်  အခမဲ့သင်ပေးတာဖြစ်ပါတယ်  နေစရိတ် စားစရိတ် အကုန် အခမဲ့စီစဉ်ပေးပါတယ်  ပရော့ချက် ပိုက်ဆံရလို့ လုပ်တာမဟုတ်ဘူး ကွန်တော့်တို့မှာ ပိုက်ဆံလဲမရှိဘူး  ပရော့ချက်လဲမရှိဘူး    ဒီမှာရှိတဲ့လုပ်ငန်းရှင်  ကျွန်တော်တို့မီဒီယာအပေါ်မှာ  တကယ်ကိုစိတ်စေတနာ ကောင်းကောင်းနဲ့  ကူညီတဲ့ လုပ်ငန်းရှင်တွေကိုပဲ အကူညီတောင်းတယ် ကျွေးမွေးရေးကိုတဖွဲ့ကတာဝန်ယူပေး ပါတယ် ဘုန်းဘုန်းတပါးကို အကူညီတောင်းပြီးတော့ ဘုန်းကြီးကျောင်းမှာ သင်တန်းသားတွေ တည်းတယ်

နောက်ပြီးတော့သင်တန်းအတွက်လိုအပ်တဲ့ကုန်ကြစရိတ်ကို အပြင်ကတတ်နိုင်တဲ့  မီဒီယာ မိတ်ဖက် အဖွှဲ

အစည်းတွေဆီကနေ အကူညီတောင်း အလူခံရလာတဲ့ငွေလေးနဲ့ ကျင်းပဆောင်ရွက်ပေးတာဖြစ်တယ်”””

  ဟု ပြောပါသည်။

ကျွန်တော်တို့ ဧရာဝတီတိုင်းနဲ့ အခြားပြည်နယ်နဲ့တိုင်းတွေမှာလဲအတတ်နိုင်ဆုံး သတင်းမီဒီယာသင်တန်းလေး

တွေကအခြေခံသတင်းစာပညာကိုစနစ်တကျသင်ကြားတတ်မြောက်တဲ့သူတွေကိုပဲများများမီဒီယာလောကမှာထည့်စေချင်တယ် ပန်းချီကားတချပ်ပေါ်မှာအဖြူတွေများလာရင် အမဲတွေကနည်းသွားမှာပါ  အဖြူတွေနည်းနေတာ့ အမဲတွေကများနေမှာပဲ  ကျွန်တော်တို့စာရွက် တရွက်ပေါ်မှာ အဖြူတွေများလာအောင်ကျွန်တော်တို့ ကျိုးစားနေတာဖြစ်တယ် သင်တန်းတွေများများလုပ်ဖို့လိုပါတယ်  နိုင်ငံတကာအဖွဲ့အစည်းတွေ မီဒီယာဆိုင်ယာ ထောက်ပံတဲ့အဖွဲ့အစည်း တွေ ငွေ ကြေးထောက်ပံမူ လုပ်တဲ့အခါမှာ တကယ်မှန်မှန်ကန်ကန်သေသေချာချာ ထိရောက်တဲ့ လုပ်ငန်းစဉ်တွေနဲ့သင်တန်းတွေမျာများဖွင့်တဲ့အခါကိုပိုပြီးတော့ ကူညီဆောင်ရွက်မူတွေဖြစ်သင့်ပါကြောင်း

ဆရာဆလိုင်းသန့်ဇင်မှပြောပါသည်။

သင်တန်းတတ်ရောက်နေသည့် ပုသိမ်သူ မခြူးသဉ္ဖာ မှ

  ‘’’’ ဒီသတင်းစာပညာသင်တန်းကို လာတက်ရတဲ့ ရည်ရွယ်ချက်က မှန်ကန်တဲ့ သတင်းထောက်တယောက်ဖြစ်

ချင်လို့ပါ သတင်းထောက်ပညာကိုလည်းဝါသနာပါတဲ့အတွက်ကြောင့်လာတက်တာဖြစ်ပါတယ် သင်တန်းကနေ

သတင်းစာပညာ  နဲ့ပါတ်သက်ပြီးတော့ သမီးအတွက်ကောင်းမွန်တဲ့ သတင်းထောက်တယောက် အဖြစ်ကျိုးကျိုး

စားစားနဲ့ ဖြစ်သွားမယ်လို့ထင်ပါတယ်  သင်ခန်းစာတွေအကုန်လုံးကို ကျိုးကျိုးစားစားနဲ့  သင်ယူပြီးတော့

ကောင်းမွန်မှန်ကန်တဲ့ သတင်းတယောက်ဖြစ် အောင်ကြိုးစားသွားပါမယ်””  လို့ပြောပါသည်။

                မအူပင်မြို့ ရေ၀တီခန်းမတွင် သင်ကြားလျက်ရှိသော  အခြေခံသတင်းစာပညာ  သင်တန်းတွင် ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးမှ သင်တန်းသား  ၁၂ ဦး  သင်တန်းသားဟောင်း ၃ဦး စုစုပေါင်း ၁၅ဦး တတ်ရောက်သင်ကြားနေခြင်းဖြစ်သည်။  သင်တန်း၏အဓိကရည်ရွယ်ချက်မှာဧရာဝတီတိုင်းဒေသကြီးအတွင်းတွင်ရှိသောလူငယ်သတင်းသမားများအခြေခံသတင်းစာပညာ အချက်အလက်များနှင့်  သတင်းများရေးသားရာတွင်       ပိုမိုထိရောက်လာစေရန်  ရည်ရွှယ်၍  လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

၂၀၁၆ခုနှစ် ဇွန် လတွင်စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သော  ဧရာဝတီတိုင်းဒေသကြီး  ဂျာနယ်လစ်ကွန်ရက် အဖွဲ့သည် ယခုအချိန်အထိ အခြေခံသတင်းစာပညာ သင်တန်း အမှတ်စဉ် ၄  အထိ    ပို့ချသင်ကြားပေးနိုင်ခဲ့

ကြောင်းသိရသည်။

ကူးတို့ကူးခ ပိုပေးနေရသာ လူမူဒုက္ခများအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ

ဂုံညင်းတန်းမြစ်ကို အမှီပြုနေသော မြင်းကကုန်း ကျေးရွာ ကူးတို့ဆိပ်လေး၏ တဖက်ကမ်းသို့ ကူးရန် ဆရာ၊ ဆရာမ တစ်စု စောင့်ဆိုင်းရင်း သင်တန်းအတွေ့အကြုံများ တစ်ဦးနှင့်တစ်ဦး ပြောဆိုရှင်းပြနေကြသည့် မြင်ကွင်းက ရွာကလေး၏ နေ့စဉ် အလှကျက်သရေ ဖြစ်သည်။

ဘိုကလေးမြို့သို့ သင်တန်းသွားတက်ကြရန် အတွက် မြင်းကကုန်း  ရွာနီးချုပ်စပ်မှ ပညာရေးဝန်ထမ်း ၅၀ ကျော်ခန့်သည် ယခုရက်ပိုင်းအတွင်း နေ့စဉ် ကူးသန်းသွားလာ နေကြသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ 

ပညာရေးဝန်ထမ်းများ၏ အတွေ့အကြုံဖလှယ်သံများ အကြား ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများ အပေါ်  ညည်းတွားသံများလည်း  ပြန့်လွင့်ထွက်လာသည်ကို ကြားနေရသည်။

“သင်တန်း ၁၄ ရက်မှာ ဆိုင်ကယ်ကူးဖို့ ကူးတို့ခ  အသွား ၁၀၀၀ ကျပ်၊ အပြန်  ၁၀၀၀ ကျပ်နဲ့ ၂၀၀၀ ပေးရတယ်။ ၀န်တမ်းတွေမို့ လျှော့ယူတာပါတဲ့၊ တခြားဝန်ထမ်း မဟုတ်တဲ့ သူတွေကတော့ အသွားအပြန် ၃၀၀၀ ကျပ် ပေးနေရတယ်” ဟု မြင်းကကုန်းကျေးရွာမှ ဆရာမ ဒေါ်လှလှဆွေက ပြောသည်။

ကူးတို့ခ အမှန်မှာ ဆိုင်ကယ်တစ်စီး ကျပ် ၃၀၀၊ လူတစ်ဦး ၂၀၀ သာ ဖြစ်သောကြောင့် နေ့စဉ် လူတစ်ဦးလျှင် အသွားအပြန် ၁၀၀၀ ကျပ်သာ ကျသင့်ရမည် ဖြစ်သည်။ နှုန်းထားအမှန် မဟုတ်သော ကူးတို့ခ ၁၅၀၀ ဟူသည့် ဈေးနှုန်းကို အုတ်နံရံပေါ်တွင် စာလုံးအကြီးနှင့်ပင် ရေးထားလိုက်သေးသည်။

“ကူးတို့ကူးခ အမှန်အတိုင်း ဖြစ်စေချင်ပါတယ်။ သတ်မှတ်ထားတဲ့ ကူးတို့ကူးခ နှုန်းက တမျိုးလို့ သိရတယ်။ ဒီအတိုင်းပဲ ဖြစ်မယ်ဆိုရင်တော့ ကျမတို့သက်သာတာပေါ့။ လေလံဆွဲထားတဲ့သူက ကိုယ်တိုင် ကူးတို့ စက်လှေမဆွဲဘဲ၊ တဆင့်ခံတွေလုပ်တော့ အဆင့်ဆင့်နဲ့ ဈေးတွေတက်နေတယ်” ဟု အလယ်တန်းပြဆရာမ  ဒေါ်လှလှဆွေက ပြောသည်။

ဆရာဆရာမများ၏ သင်တန်း ၁၄ ရက်အတွက် တစ်ဦးချင်းစီ ပိုပေးလိုက်ရသည့် ကူးတို့ခမှာ ၁၄၀၀၀ စီ ဖြစ်သည်။

မြင်းကကုန်းကျေးရွာမှ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ အစရှိသည့် အခြားမြို့အားလုံးသို့ ကုန်းလမ်းကနေ သွားနိုင်ဖို့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် ဂုံညင်းတန်းမြစ်ကူး ကူးတို့ လုပ်ငန်းမှာ ကြီးမားသော စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သည်။

တစ်နေ့လျှင် ဆိုင်ကယ်အစီး နှစ်ဆယ်မှ သုံးလေးဆယ် ကူးနေကြပြီး တဖက်ကမ်းမှ တဖက်ကမ်းကူးသူ  ရာဂဏန်းကျော်ကူးနေသော ကူးတို့ဆိပ်ကြီးဖြစ်သည်။ ကူးတို့ လိုင်စင်ကို လေလံအပြိုင် သိန်း ၄၀ ပေးဆွဲယူခဲ့သူမှာ ဦးအုန်းမြင့်ဆိုသူ ဖြစ်သည်။ ၎င်းသည် ကူးတို့ကူးခြင်းအပြင် ဆိပ်ကောက်ခ များလည်း ကောက်ခံခွင့် ရှိနေပါသည်။

လေလံဆွဲထားသူ ကိုအုန်းမြင့်မှပြောသည်မှာ

“’’စည်ပင်ကညွှန်ကြားပါတယ်လူတယောက်ကိုနှစ်ရာကျပ်ထက်ပိုမကောက်ရဘူးတို့အသက်ကယ်ဘော

ထားရမယ်  ရေယာဉ်ကိုစက်ကောင်းအောင်ထားရမယ်  လူသုံ့းယောက်ထက်ပိုမတင်ရဘူး ပြောပါတယ် ကျွန်တော်သိန်းလေးဆယ်နဲ့လေလံဆွဲတာပါ  ကျွန်တော်အဆင်ပြေအောင်လုပ်ပေးရမှာပေါ့  ဆရာ ဆရာမတွေနစ်နာတယ် တိုင်တယ်ဆိုရင်ကျွန်တော် အဆင်ပြေအောင်လုပ်ပေးမယ်လေ   စက်လှေ(ဂေါ်) ခုနှစ်စီး  အသွားအပြန်  ၃၀၀၀ ယူတာတော့များပါတယ် ကျွန်တော်သုတို့ခုနှစ်စီးကိုစည်းမျဉ်းစည်းကမ်းလုပ်မယ်  ဘယ်လိုပြောမလဲအစဉ်ပြေတဲ့ထိအောင်ကျွန်တော်လုပ်ပေးမယ်လေ ၃၀၀၀ကောက်တာကိုကျွန်တော်မသိကိုမသိတာပါ   ဘယ်လိုပဲံသိလဲဆိုတော့ ဆိုင်ကယ်တစီးနဲ့လူတယောက်ကို၁၅၀၀တောင်းမယ်ဆိုတာပဲ  သိပါတယ်  ကျန်တာကျွန်တော်ဘာမှမသိပါဘူး

ဒီနှစ် လေလံနှစ်လဲကုန်တော့မယ်  နောင်နှစ် လုပ်ဖြစ်ခဲ့လို့ရှီရင်ကျွန်တော်က  ကူးတို့ရုံဆောက်ပြီး  လက်မှတ်နဲ့

ဘာနဲ့လုပ်မယ်  တစီးမှအပြေးမခံပဲ  နှစ်စီးလောက့်ဲထားတော့မှာဆရာ ဆရာမတွေကိုကျွန်တော်ပြန် သွားတာနဲ့  ညီုနိုင်းပြီးတော့အစဉ်ပြေအောင်တစ်စီးလုံး  တစ်ထာင်ပဲပေး တယောက်နှစ်ရာနူံးလောက်ပဲယူမှာပါ  လို့

ပြောပါတယ်။

 မြင်းကကုန်းကျေးရွာနေသူ   မသီတာခိုင်မှလည်း 

              ကျမတို့ ကူးတို့ကူးတိုင်း  တခါမှ  ၂၀၀ နဲ့မကူးဘူးပါ ဘူး  တယောက်  ၅၀၀  နှစ်ယောက်တစ်ထောင်ပါ

ဘယ်တုန်းကမှ  ၂၀၀  နဲ့မကူးရတာအမှန်ပါ  လို့ ပေါ်ပေါ်ထင်ထင်ပြောပါတယ်။

လူ၊ ဆိုင်ကယ် ကူးသူများ အား ကူးတို့ကူးစက်လှေ နှစ်ဆယ့်ငါးစီးနှင့် အထက် ကူးပေးလျှက်ရှိကြောင်း ကူးတို့ကူးသူများမှသိရပါသည်။မြင်းကကုန်း ကျေးရွာအုပ်စုနှင့် ကျောထောက် နောက်ခံ ကျေးရွာများမှ ပြည်သူလူထု၊ တောင်သူလယ်သမား၊ ဆင်းရဲနွမ်းပါးသူများအတွက် ဘိုကလေးမြို့သို့ ကုန်းလမ်းထွက်ပေါက် မြစ်ကူး ကူးတို့အား ဘိုကလေးမြို့နယ် စည်ပင်သာရေးဦးစီးဌာနက နှစ်စဉ်လေလံစနစ်ဖြင့် ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း လေလံဆွဲသူများထံမှ သိရသည်။ စက်လှေထောင် ကူးတို့ကူးပို့နေသူများမှာလည်း စီးပွားရေး တွက်ခြေကိုက်သည့်အတွက် စက်လှေ အစီးရေ များနေရခြင်း ဖြစ်ကြောင်း ၎င်းတို့က ထင်မြင်ချက်ပေးသည်။

ဆိုင်ကယ်ကူးနိုင်သည့် စက်လှေထောင်ထားသူ လက်ရှိတွင် ခုနစ်ဦး၊ ခုနစ်စီးရှိနေပြီး ၎င်းတို့မှာ လေလံ ဆွဲထားသူ ဦးအုန်းမြင့်ကို အခကြေးငွေပေး            ပြီး ကူးနေရသည့်အတွက် ယခုကဲ့သို့ ငွေပို ကောက်ခံနေရခြင်း ဖြစ်ကြောင်းကူးတို့စက်လှေလိုင်စင်တဆင့်ခံပြေးဆွဲနေသူတဦးကပြောပြသည်။အခြားစက်လှေတွေကိုအုန်းမြင့်

ကိုဘယ်လောက်ပေးရသလဲတော့ မသိဘူး၊ ကျွန်တော်ကတော့ တစ်နှစ်ကို တစ်သိန်းပေးပြီး ကူးတို့ ကူးနေတာပါ ဟု လည်းကောင်းက ပြောသည်။

သို့ရာတွင် လေလံအောင်ထားသူကို ဆိုင်ကယ်တင်သည့် စက်လှေတစ်စီးလျှင် ကျပ် ၅ သိန်းခန့် ပေးပြီး ဆွဲနေခြင်း ဖြစ်ကြောင်း ယခင် လေလံဟောင်း အောင်ခဲ့ဖူးသူများ ထံမှ သိရသည်။

ကူးတို့စက်လှေခ မှန်မှန်ကန်ကန်ယူပြီး မကူးသည့်အတွက် ၁၄၊  ၈၊ ၂၀၁၈ ရက်နေ့က မြို့နယ်စည်ပင် သာယာရေး ဒုဦးစီးမှူးထံ မြင်းကကုန်းကျေးရွာသား ကိုကျော်ဆန်းက တိုင်စာပို့ တိုင်ကြားခဲ့သည်။

 ယမန်နှစ် သင်္ကြန်ရက်အတွင်း မြင်းကကုန်း ကူးတို့ဆိပ်ကူး  စက်လှေနစ်မြုပ်၍ ခူလံကျေးရွာနေ ဒေါ်အေးဝင်း ၏သမီး မနီနီ (ခ) တုန်တုန်၊ အသက် (၁၇) နှစ် ရေနှစ်သေဆုံးမူ ဖြစ်ပွားခဲ့ရသည်။

 သေဆုံးသွားသည့် လူတဦးအတွက် ဘယ်လိုဘယ်ပုံ ကာကွယ် စောင့်ရှောက်ဖို့ မည်သူ့ထံတွင် တာဝန်ရှိကြောင်း သိလိုပါသည်၊ မည်သို့ ဆောင်ရွက်ပေးမည်ကိုလည်း သိလိုပါသည်ဟု

ကိုကျော်ဆန်း က ပြောပြသည်။

ကူးတို့ကူးခ ပိုပေးနေရ သော လူမူဒုက္ခများအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ

ကူးတို့ခအမှန်မှာ ဆိုင်ကယ် ၃၀၀ လူ ၂၀၀ ကျပ်သာ

ဂုံညင်းတန်းမြစ်ကို အမှီပြုနေသော မြင်းကကုန်း ကျေးရွာ ကူးတို့ဆိပ်လေး၏ တဖက်ကမ်းသို့ ကူးရန် ဆရာ၊ ဆရာမ တစ်စု စောင့်ဆိုင်းရင်း သင်တန်းအတွေ့အကြုံများ တစ်ဦးနှင့်တစ်ဦး ပြောဆိုရှင်းပြနေကြသည့် မြင်ကွင်းက ရွာကလေး၏ နေ့စဉ် အလှကျက်သရေ ဖြစ်သည်။

ဘိုကလေးမြို့သို့ သင်တန်းသွားတက်ကြရန် အတွက် မြင်းကကုန်း  ရွာနီးချုပ်စပ်မှ ပညာရေးဝန်ထမ်း ၅၀ ကျော်ခန့်သည် ယခုရက်ပိုင်းအတွင်း နေ့စဉ် ကူးသန်းသွားလာ နေကြသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ 

ပညာရေးဝန်ထမ်းများ၏ အတွေ့အကြုံဖလှယ်သံများ အကြား ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများ အပေါ်  ညည်းတွားသံများလည်း  ပြန့်လွင့်ထွက်လာသည်ကို ကြားနေရသည်။

“သင်တန်း ၁၄ ရက်မှာ ဆိုင်ကယ်ကူးဖို့ ကူးတို့ခ  အသွား ၁၀၀၀ ကျပ်၊ အပြန်  ၁၀၀၀ ကျပ်နဲ့ ၂၀၀၀ ပေးရတယ်။ ၀န်တမ်းတွေမို့ လျှော့ယူတာပါတဲ့၊ တခြားဝန်ထမ်း မဟုတ်တဲ့ သူတွေကတော့ အသွားအပြန် ၃၀၀၀ ကျပ် ပေးနေရတယ်” ဟု မြင်းကကုန်းကျေးရွာမှ ဆရာမ ဒေါ်လှလှဆွေက ပြောသည်။

ကူးတို့ခ အမှန်မှာ ဆိုင်ကယ်တစ်စီး ကျပ် ၃၀၀၊ လူတစ်ဦး ၂၀၀ သာ ဖြစ်သောကြောင့် နေ့စဉ် လူတစ်ဦးလျှင် အသွားအပြန် ၁၀၀၀ ကျပ်သာ ကျသင့်ရမည် ဖြစ်သည်။ နှုန်းထားအမှန် မဟုတ်သော ကူးတို့ခ ၁၅၀၀ ဟူသည့် ဈေးနှုန်းကို အုတ်နံရံပေါ်တွင် စာလုံးအကြီးနှင့်ပင် ရေးထားလိုက်သေးသည်။

“ကူးတို့ကူးခ အမှန်အတိုင်း ဖြစ်စေချင်ပါတယ်။ သတ်မှတ်ထားတဲ့ ကူးတို့ကူးခ နှုန်းက တမျိုးလို့ သိရတယ်။ ဒီအတိုင်းပဲ ဖြစ်မယ်ဆိုရင်တော့ ကျမတို့သက်သာတာပေါ့။ လေလံဆွဲထားတဲ့သူက ကိုယ်တိုင် ကူးတို့ စက်လှေမဆွဲဘဲ၊ တဆင့်ခံတွေလုပ်တော့ အဆင့်ဆင့်နဲ့ ဈေးတွေတက်နေတယ်” ဟ အလယ်တန်းပြဆရာမ  ဒေါ်လှလှဆွေက ပြောသည်။

ဆရာဆရာမများ၏ သင်တန်း ၁၄ ရက်အတွက် တစ်ဦးချင်းစီ ပိုပေးလိုက်ရသည့် ကူးတို့ခမှာ ၁၄၀၀၀ စီ ဖြစ်သည်။

မြင်းကကုန်းကျေးရွာမှ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ အစရှိသည့် အခြားမြို့အားလုံးသို့ ကုန်းလမ်းကနေ သွားနိုင်ဖို့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် ဂုံညင်းတန်းမြစ်ကူး ကူးတို့ လုပ်ငန်းမှာ ကြီးမားသော စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သည်။

တစ်နေ့လျှင် ဆိုင်ကယ်အစီး နှစ်ဆယ်မှ သုံးလေးဆယ် ကူးနေကြပြီး တဖက်ကမ်းမှ တဖက်ကမ်းကူးသူ  ရာဂဏန်းကျော်ကူးနေသော ကူးတို့ဆိပ်ကြီးဖြစ်သည်။ ကူးတို့ လိုင်စင်ကို လေလံအပြိုင် သိန်း ၄၀ ပေးဆွဲယူခဲ့သူမှာ ဦးအုန်းမြင့်ဆိုသူ ဖြစ်သည်။ ၎င်းသည် ကူးတို့ကူးခြင်းအပြင် ဆိပ်ကောက်ခ များလည်း ကောက်ခံခွင့် ရှိနေပါသည်။

လူ၊ ဆိုင်ကယ် ကူးသူများ အား ကူးတို့ကူးစက်လှေ နှစ်ဆယ့်ငါးစီးနှင့် အထက် ကူးပေးလျှက်ရှိကြောင်း ယခင် လိုင်စင်ဟောင်း ရှယ်ယာဆွဲခဲ့သူ ကိုစိုးမိုးက ပြောပြသည်။

မြင်းကကုန်း ကျေးရွာအုပ်စုနှင့် ကျောထောက် နောက်ခံ ကျေးရွာများမှ ပြည်သူလူထု၊ တောင်သူလယ်သမား၊ ဆင်းရဲနွမ်းပါးသူများအတွက် ဘိုကလေးမြို့သို့ ကုန်းလမ်းထွက်ပေါက် မြစ်ကူး ကူးတို့အား ဘိုကလေးမြို့နယ် စည်ပင်သာရေးဦးစီးဌာနက နှစ်စဉ်လေလံစနစ်ဖြင့် ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း လေလံဆွဲသူများထံမှ သိရသည်။ စက်လှေထောင် ကူးတို့ကူးပို့နေသူများမှာလည်း စီးပွားရေး တွက်ခြေကိုက်သည့်အတွက် စက်လှေ အစီးရေ များနေရခြင်း ဖြစ်ကြောင်း ၎င်းတို့က ထင်မြင်ချက်ပေးသည်။

ဆိုင်ကယ်ကူးနိုင်သည့် စက်လှေထောင်ထားသူ လက်ရှိတွင် ခုနစ်ဦး၊ ခုနစ်စီးရှိနေပြီး ၎င်းတို့မှာ လေလံ ဆွဲထားသူ ဦးအုန်းမြင့်ကို အခကြေးငွေပေး            ပြီး ကူးနေရသည့်အတွက် ယခုကဲ့သို့ ငွေပို ကောက်ခံနေရခြင်း ဖြစ်ကြောင်း ကူးတို့စက်လှေ လိုင်စင်တဆင့်ခံ ပြေးဆွဲနေသူ ဦးကျော်ခင်၏ သားကိုကျော်နိုင်ဦးက ပြောပြသည်။

“အခြားစက်လှေတွေ ကိုအုန်းမြင့်ကို ဘယ်လောက်ပေးရသလဲတော့ မသိဘူး၊ ကျွန်တော်ကတော့ တစ်နှစ်ကို တစ်သိန်းပေးပြီး ကူးတို့ ကူးနေတာပါ” ဟု ကိုကျော်နိုင်ဦးက ပြောသည်။

သို့ရာတွင် လေလံအောင်ထားသူကို ဆိုင်ကယ်တင်သည့် စက်လှေတစ်စီးလျှင် ကျပ် ၅ သိန်းခန့် ပေးပြီး ဆွဲနေခြင်း ဖြစ်ကြောင်း ယခင် လေလံဟောင်း အောင်ခဲ့ဖူးသူများ ထံမှ သိရသည်။

ကူးတို့စက်လှေခ မှန်မှန်ကန်ကန်ယူပြီး မကူးသည့်အတွက် ၁၄၊  ၈၊ ၂၀၁၈ ရက်နေ့က မြို့နယ်စည်ပင် သာယာရေး ဒုဦးစီးမှူးထံ မြင်းကကုန်းကျေးရွာသား ကိုကျော်ဆန်းက တိုင်စာပို့ တိုင်ကြားခဲ့သည်။

၎င်း၏ တိုင်စာတွင် ယမန်နှစ် သင်္ကြန်ရက်အတွင်း မြင်းကကုန်း ကူးတို့ဆိပ်ကူး  စက်လှေနစ်မြုပ်၍ ခူလံကျေးရွာနေ ဒေါ်အေးဝင်း ၏သမီး မနီနီ (ခ) တုန်တုန်၊ အသက် (၁၇) နှစ် ရေနှစ်သေဆုံးမူ ဖြစ်ပွားခဲ့ရသည်။ သေဆုံးသွားသည့် လူတဦးအတွက် ဘယ်လိုဘယ်ပုံ ကာကွယ် စောင့်ရှောက်ဖို့ မည်သူ့ထံတွင် တာဝန်ရှိကြောင်း သိလိုပါသည်၊ မည်သို့ ဆောင်ရွက်ပေးမည်ကိုလည်း သိလိုပါသည်ဟု ထည့်သွင်း ရေးသားထားကြောင်း ၎င်းက ပြောပြသည်။

“ကူးတို့ကူးခ ပိုတောင်းပြီး အုပ်စုဖွဲ့ အနိုင်ကျင့်သလို ဖြစ်နေတယ်။ စည်းကမ်းပါ အချက်တွေနဲ့ ညီညွှတ်စေဖို့ ဆောင်ရွှက် ပေးပါလို့ တိုင်ခဲ့ပေမယ့်လည်း အခုအချိန်ထိ ပေါ်ပေါ်ထင်ထင် ပိုပြီးတောင် ကူးခ တောင်းယူနေတာ၊ လူတစ်ဦး ၅၀၀၊ ဆိုင်ကယ်လူ အသွား ၁၅၀၀၊ အပြန် ၁၅၀၀၊ စာလုံးအကြီးကြီးနဲ့ကို ရေးထားတာ။ ဒါကို တာဝန်ရှိသူတွေ ဘယ်လို ဆောင်ရွက်မှာလဲသိချင်ပါတယ်” ဟု ကိုကျော်ဆန်းက ပြောပြသည်။

နဂါးရုံဘုရားအားဆယ်သိန်းနှင့်ပူဇော်ပါ

သကြန်အပြီးရောင်းအားကျတာ နှစ်စဉ်ဖြစ်နေကျပါ  အခုရက်တော့ ရောင်းတတ်လာပါတယ်

ရွှေတိဂုံဘုရားအရှေ့ဖက်မုဒ် ဘုရားဈေးတန်း သိရီဂုဏ် ပန်းပုအရောင်းဆိုင်ပိုင်ရှင်ကိုသူရသောင်းမှာ

ပန်းပုရုပ်ထု၏အချောထည် အလှပိုင်းပညာရှင်တဦးဖြစ်ပြီး ပန်းပုရုပ်ထုဆစ်ရောင်းချမူထက်ပညာရပ်ူ

တခုအားမြတ်နိုးလုပ်ကိုင်နေခြင်းသူတဦးဖြစ်ကြောင်းလက်ရာကောင်းတဲ့နဂါးရုံဘုရားမှာဆယ်သိန်းရမှ

ရောင်းမှာဖြစ်ကြာင်းသိရသည်

ကိုသူရသောင်းနှင့်ဇနီးမသန်းသန်းဋ္ဌေးတို့ဖွင့်လှစ်ရောင်းချလျက်ရှိသော ပန်းပုဆိုင်သို့သွားရောက်တွေ့ဆုံစဉ်

ကိုသူရမှပြောပြသည်မှာ

     ‘’’သင်္ကြန်အပြီးရောင်းအားကျတာနှစ်စဉ်ဖြစ်နေကျပါ   အခုရက်တော့အရောင်းတတ်လာပါတယ်

ဆိုင်ခန်းငှါးပြီးလုပ်ငန်းလုပ်တာနှစ်နှစ်ကျော်ပါပြီ  အလှပိုင်းကို စိတ်ကြိုက် ကောင်းအောင်လုပ်ပေးတဲ့အတွက်

အမြဲတန်းရာင်းအားကောင်းတယ်  အခြေအနေကောင်းတယ်လို့ပြောရမှာပေါ့””

ပန်းပုဆိုင်သို့လာရာက်မှာယူသူများ အတွက် သစ်အမျိးအစား  ၇  မျိုး လောက်ကြိုတင်ထားရှိပြီး  အကြမ်းထုသူ

ထံသို့အပ်နှံပါသည်   အချောအလှပိုင်းကိုယ်တိုင်လုပ်ကိုင်ခြင်းဖြစ်ပြီးပုံထွက်အလှပေါ်မူတည်ပြီးပန်းပုရုပ်ထုဈေး

နှုံးကွာခြားကြောင်းသိရသည်  ပန်းပုရုပ်ထုတစ်လက်မ  သုံးထောင် ကိုးလက်မ  နှစ်သာင်းခုနှစ်ထောင်မှ တပေရုပ်တစ်သိန်းခွဲမှလေးသိန်းအထိရှိပြီးလက်မသုံးဆယ်နဂါးရုံဘုရားမှာ ဆယ်သိန်းရောင်းဈေးဖြစ်ကြောင်း

လက်ရာမှာ အဆင့်မြင့်လက်ရာတခုဖြစ်ကြောင်းသိရသည်